ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂) အပိုင်း နှစ်
အာဗြဟံနှင့် တစ်ခေတ်တည်းဖြစ်သော ကာလတွင် ဘုရားသခင်သည် မြို့တစ်မြို့ကိုလည်း ဖျက်ဆီးခဲ့သည်။ ဤမြို့မှာ သောဒုံဟု အမည်ရသည်။ လူများစွာသည် သောဒုံအကြောင်းကို ရင်းနှီးကြမည်မှာ သံသယဖြစ်ဖွယ် မဟုတ်သော်လည်း ထိုမြို့ကို ကိုယ်တော် ဖျက်ဆီးရခြင်း၏ နောက်ခံအကြောင်းရင်း ဖြစ်သော ဘုရားသခင်၏ အမြင်များကိုမူ တစ်ယောက်မျှ သိကျွမ်းကြခြင်း မရှိပေ။ ထို့ကြောင့် ယနေ့တွင် အောက်ပါအတိုင်း ဘုရားသခင်နှင့် အာဗြဟံ အပြန်အလှန်...